
ဟင်းသီးဟင်းရွက်နှင့်ရောနှော Mangosteen ဖျော်ရည်။
ထိမွန်ခွန် 555 ကုမ္ပဏီလီမိတက်၏ ဖနာရင်တံဆိပ် 20% သစ်သီးဖျော်ရည်နှင့် ဆေးဖက်ဝင်အပင်ပစ္စည်း ရောစပ် 80% ပြင်းသိပ်မင်းဂွတ်သီးဖျော်ရည်
“ကျန်ထဘူရီခရိုင်မှ ပြင်းသိပ် မင်းဂွတ်သီးဖျော်ရည်စစ်စစ်ကို အခြားသစ်သီးနှင့် ဆေးဖက်ဝင်အပင်ပစ္စည်း 24 မျိုးဖြင့် ကျနစွာ ရောစပ်ထားသည့် အနံ့အရသာ”
“မင်းဂွတ်သီး” သည် “အသီးတို့၏ဘုရင်မ” အဖြစ် တင်စားခံရသည့် သစ်သီးဝလံ ဖြစ်သည်။ မင်းဂွတ်သီး ဖျော်ရည်ကို သောက်သုံးခြင်းဖြင့် ကျွန်ုပ်တို့သည် သကြား၊ ဇီဝအက်စစ်ဓာတ်၊ ကယ်လစီယမ်၊ ဖော့စဖရပ်စ်၊ သံဓာတ်နှင့် မင်းဂွတ်သီး၌ ပါရှိသည့် အထူးအရေးပါသော စင်တိုဓာတ် စသည့် အစာအာဟာရဓာတ် ဗီတာမင်နှင့် ဓာတ်သတ္တုများကို ရရှိစေနိုင်သည်။
စင်တို၊ မင်းဂွတ်သီး၌ ပါရှိသည့် အံ့ဖွယ်ဓာတ်ပစ္စည်း
မင်းဂွတ်သီး၏ အခွံ၊ အစေ့နှင့် အသား၌ တွေ့ရှိရသည့် စင်တိုဒြပ်ပေါင်းအုပ်စု ဓာတ်ပစ္စည်းကို ယနေ့ကာလ လေ့လာသုတေသနပြုချက်မှ တွေ့ရှိချက် ရလဒ်များ အရ စင်တိုဓာတ်သည် ဆေးဝါးပိုင်းဆိုင်ရာ၊ စက်မှုလုပ်ငန်းပိုင်းဆိုင်ရာ၊ ကော့စမစ်တစ်အလှကုန်ပစ္စည်းပိုင်းဆိုင်ရာ စသည်တို့၌ များစွာ အကျိုးကျေးဇူး ရှိသည်ကို တွေ့ရှိရပြီး၊ ၎င်းကို အစာအာဟာရဓာတ်နှင့် သဘာဝဆေးဖက်ဝင်ကုန်ပစ္စည်းတို့၏ ပါဝင်အစိတ်အပိုင်းတစ်ရပ်အဖြစ် ဆောင်ယူအသုံးချလာကြသည်။
ဆေးပညာပိုင်းဆိုင်ရာ လေ့လာချက်အရ မင်းဂွတ်သီး အတွင်းရှိ စင်တိုဒြပ်ပေါင်းအုပ်စုသည် ဆေးဝါးဗေဒဆိုင်ရာအရ အကျိုးအာနိသင် များစွာ ရှိသည်ကို တွေ့ရပါသည်။ ၎င်းတို့မှာ
အင်တီအောက်ဆီးဒင့်စ် ခေါ် လွပ်လပ်ဓာတ်တိုးဒြပ်ပစ္စည်းများကို ဆန့်ကျင်တွန်းလှန်ပေးနိုင်မှု။ ဘက်တီးရီယားနှင့် မှိုရောဂါပိုးကို တွန်းလှန်ဟန့်တားပေးမှု။ အက်စပရင်ထက် 3 ဆ ပို၍ ရောင်ရမ်းမှုကို တားဆီးပေးနိုင်မှု။ ဆီးချိုအနာများ၏ ရောင်ရမ်းမှုကို လျော့ကျစေနိုင်မှု။ ရောဂါပိုးကူးစက်ရောင်ရမ်းမှုကို လျော့ကျစေနိုင်မှု ။ အရေပြားဒဏ်ရာကို ကျက်စေ၍ မွှေးညှင်းပေါက်ကို တင်းရင်းစေမှု။ သွေးကြောတွင်း အဆီပိတ်ဆို့မှု အလားအလာကို လျော့ကျစေနိုင်မှု။ ဓာတ်မတည့်/ယားယံမှု များကို လျော့ကျစေနိုင်မှု။ အေအိုင်ဒီအက်စ်ရောဂါဖြစ်စေသည့် အိခ်ျအိုင်ဗွီ(HIV)ပိုး၏ အင်ဇိုင်းကို တားဆီးပေးနိုင်မှု။ မျိုးဗီဇကို အဆိပ်သင့်စေသည့် ဒြပ်ပစ္စည်းများကို တွန်းလှန်ပေး၍ ကင်ဆာကို ဆန့်ကျင်ပေးမှု။ သွေးတိုး နှလုံး လေဖြန်း လေဖြတ် ဦးနှောက်သွေးကြောကျဉ်း စသည့် ရောဂါဖြစ်စေမှု အကြောင်းခံ ဖြစ်သော သွေးကြော မာကြွပ်လာမှုကို ကာကွယ်ပေးမှု။ နှလုံးကြွက်သားကို ကာကွယ်ပေး၍ နှလုံးကြီးမှု နှင့် နှလုံးကြွက်သားထု ကြီးလာမှု ပြဿနာကို ကာကွယ်ပေးနိုင်မှု။ ဖောရောင်မှုနှင့် ဖောရောင်မှုမှ ကိုက်နာမှုကို လျော့ကျသက်သာစေနိုင်မှု။ အရေပြားနှင့် သွေးကြောတို့၌ အဆီစုဆောင်းမှု အလားအလာကို လျော့ကျစေမှု။ ဝမ်းလျှော ဝမ်းပျက် နာတာရှည်ဝမ်းလျှော မစင်သွေးအကျိအချွဲပါမှု ရောဂါလက္ခဏာများကို ကာကွယ် ကုစားပေးနိုင်မှု။ ပါကင်ဆန်ရောဂါကြောင့် အာရုံကြောဖျား ကိုယ်အင်္ဂါအစိတ်အပိုင်း တုန်မှုကို ကာကွယ်ပေးနိုင်မှု။ အသားအရေရောင်ရမ်းမှုနှင့် ဓာတ်မတည့်မှုကို လျော့ကျစေနိုင်မှု။ ဗဟိုအာရုံကြောစနစ်ကို ဖိနှိပ်ပေးသည့် သတ္တိရှိ၍ သွေးဖိအား တိုးစေကာ ခန္ဓာကိုယ်တွင်း ရောဂါခုခံအားစနစ်ကို ကူညီတည်ဆောက်ပေးမှု။
GMP HACCP Certification FDA 22-2-00953-2-0099
Distributed by Thipmongkol 555 Co., Ltd.
114/142, Village No. 1, Ban Mai Sub-district, Mueang District, Pathum Thani Province
Tel: +66921045555 LINE ID: thipmongkol555 Email.aswkos@gmail.com www.thipmongkol555.com
For health benefit :drink 20-30 ml twice daily morning and evening on empty stomach follow by a glass of water. Keep in refrigerator after open.
ထိမွန်ခွန် 555 ကုမ္ပဏီလီမိတက်၏ ဖနာရင်တံဆိပ် မင်းဂွတ်သီးဖျော်ရည် ကို သဘာဝမင်းဂွတ်သီးအသားစစ်စစ်မှ ထုတ်လုပ်ထားပြီး၊ ပိုမိုသော အကျိုးကျေးဇူး ဖြစ်ထွန်း စေရန်အတွက် အောက်ပါ 24 မျိုးသော သစ်သီးဖျော်ရည်နှင့် ဆေးဖက်ဝင်အပင်ပစ္စည်းတို့ကိုပါ သင့်တော်သည့် ပမာဏဖြင့် ရောစပ်ပေးထားပါသည်။

မင်းဂွတ်သီး
“မင်းဂွတ်သီး” သည် “အသီးတို့၏ဘုရင်မ” အဖြစ် တင်စားခံရသည့် သစ်သီးဝလံ ဖြစ်သည်။ မင်းဂွတ်သီး ဖျော်ရည်ကို သောက်သုံးခြင်းဖြင့် ကျွန်ုပ်တို့သည် သကြား၊ ဇီဝအက်စစ်ဓာတ်၊ ကယ်လစီယမ်၊ ဖော့စဖရပ်စ်၊ သံဓာတ်နှင့် မင်းဂွတ်သီး၌ ပါရှိသည့် အထူးအရေးပါသော စင်တိုဓာတ် စသည့် အစာအာဟာရဓာတ် ဗီတာမင်နှင့် ဓာတ်သတ္တုများကို ရရှိစေနိုင်သည်။

လင်ဇီးမှို
လင်ဇီးမှိုသည် လူတို့ နှစ်ပေါင်း 2,000 ကျော်ကြာ သုံးစွဲလာခဲ့ပြီးသည့် တရုတ်ရိုးရာဆေးဖက်ဝင်အပင်ပစ္စည်း ဖြစ်သည်။ ရှားပါး၍ တန်ဖိုး ကြီးမြင့်သည်။ တရုတ်ရိုးရာ ဆေးဖက်ဝင်အမယ်များထဲ၌ အကောင်းဆုံးပစ္စည်းအဖြစ် တရုတ်တို့ သတ်မှတ်အမွှမ်းတင်ထားသည်။ သိပ္ပံအချက်အလက်များအရ လင်ဇီးမှိုသည် အစာအာဟာရပိုင်းဆိုင်ရာ တန်ဖိုး မြင့်မား၍၊ ဆေးဝါးပိုင်းဆိုင်ရာ သက်ရောက်ဒြပ်ပစ္စည်း အမျိုး 150 ကျော် ပါရှိကာ ၊ ကိုယ်ခံစွမ်းအားကို ကောင်းစေ၍ ရောဂါအသီးသီး ဥပမာ ကင်ဆာ၊ နှလုံး၊ ဆီးချို၊ အသည်းရောဂါ၊ သွေးတွင်းအဆီများမှုရောဂါ၊ သွေးတိုးရောဂါ၊ ဓာတ်မတည့်ရောဂါ စသည်တို့ကို ကုသရာ၌ ကျယ်ပြန့်စွာ အသုံးချနိုင်သည်။

ဂိုကျိဘယ်ရီ (ခေါ်) ကုံးကီး
အလတ်အလတ် အကျိုးအာနိသင်ရှိ အကောင်းစား အားဖြည့်ဆေး ဖြစ်သည်။ အရသာချိုမြ၍ အားအင်ကို ဖြည့်ပေးသည်။ ကိုယ်တွင်းအင်္ဂါစနစ်များ အသီးသီး၏ လုပ်ဆောင်ချက်ကို ကောင်းမွန်စွာ အပြန်အလှန် အကျိုးပြုစေသည်။ မျက်စိကို အားဖြည့်ပေးသည်။ ရောဂါခုခံအားစနစ်ကို အားကောင်းစေသည်။ ရိုးတွင်းခြင်ဆီတို့မှ သွေးဥများ ထုတ်လုပ်မှုကို အားကောင်းအောင် ကူညီပေးသည်။ လွပ်လပ်ဓာတ်တိုးဒြပ်ပစ္စည်းများကို ဆန့်ကျင်ပေးသည်။ ကင်ဆာကို တွန်းလှန် ပေးသည်။ အသားအရေကို ကြည့်ရှုစောင့်ရှောက်မှု ပြုပေး၍ အိုမင်းမှုကို နှေးကွေးစေသည်။ သွေးတွင်း သကြားဓာတ်ကို လျော့ကျစေသည်။ အသည်းလုပ်ဆောင်ချက်ကို အားပေးသည်။ မှတ်ဥာဏ်အားကောင်းစေ၍ လူကို ပြေလျော့သက်သာစေသည်။ မျိုးပွားအင်္ဂါစနစ်ကို အားဖြည့်ပေး၍ သွေးတွင်း ဟော်မုန်း ပမာဏကို တိုးစေသည်။

ဂင်ကိုရွက်
ရှေးနှစ်ပေါင်း 5000 ကျော်ကတည်းက သုံးစွဲလာခဲ့သည့် ဆေးဖက်ဝင်အပင် ဖြစ်သည်။ လွပ်လပ်ဓာတ်တိုးဒြပ်ပစ္စည်းကို ဆန့်ကျင်ပေး၍ အိုမင်းမှုကို နှေးကွေး စေသည်။ သွေးခဲများ စုဝေးတွယ်ကပ်မှုကို တားဆီးပေးသည့် သတ္တိရှိ၍ သွေးလှည့်ပတ်မှုကို ပိုကောင်းစေကာ လုပ်ကိုင်မှုနှင့် ဆုံးချက်ချက် ချမှုတို့ကို ပိုကောင်းစေသည်။ မှတ်ဥာဏ်နှင့် သင်ယူမှုကို ပိုကောင်းလာစေသည်။ အမြင်အာရုံကို ပိုကောင်းလာစေသည်။ ဦးနှောက်ယိုယွင်းယုတ်လျော့မှုကို ဟန့်တားပေးသည်။ လိင်စွမ်းအားကို အားဖြည့်ပေးသည်။ ပါကင်ဆန်ရောဂါလက္ခဏာကို သက်သာလျော့ပါးစေသည်။

လော်ဟန်ကွား
ကိုယ်တွင်း သကြားဓာတ်ကို မတက်စေပဲ ဆီးချိုရောဂါရှင်တို့အတွက် သကြားအစား အချိုဓာတ်ပေးသည့် ဒြပ်ပစ္စည်းအဖြစ် သုံးနိုင်သည့် တရုတ်ရိုးရာ သဘာဝဆေးဖက်ဝင်ပစ္စည်း ဖြစ်သည်။ ကိုယ်တွင်း အင်ဆူလင် ထုတ်လုပ်မှုကို တိုးစေအောင် လှုံ့ဆော်ပေးသည်။ လွပ်လပ်ဓာတ်တိုးဒြပ်ပစ္စည်းကို ဆန့်ကျင်ပေးသည်။ သွားပိုးစားမှု သွားဖုံးရောင်ရမ်းမှု ခံတွင်းမှိုရောဂါတို့၏ အကြောင်းရင်းဖြစ်သော အာခံတွင်းရှိ ဘက်တီးရီးယားပိုးများကို ဟန့်တားပေးသည့်အပြင် ရောင်ရမ်းမှုကိုပါ လျော့ကျစေသည်။

ဆူးပန်း
ထိုင်းဆေးဖက်ဝင်အပင်ပစ္စည်းများထဲ၌ အကျော်ဇေယျ ဖြစ်သည်။ စွမ်းရည်သတ္တိ များစွာ ရှိသည်။ လိုင်နိုလစ်အက်စစ် များစွာ ပါရှိ၍ သွေးတွင်း အဆီဓာတ်ကို ကောင်းစွာ လျှော့ချပေးနိုင်သည်။ ကိုယ်ခန္ဓာကို အားဖြည့်ပေးသည်။ သွေးအား ကောင်းစေသည်။ သွေးအဆိပ်သင့်မှုကို ကုစားပေးနိုင်သည်။ သွေးသန့်စေသည်။

ကြက်ဟင်းခါးချိုသီး
ခေတ်သစ်သုတေသန ပြုမှုများအရ ကြက်ဟင်းခါးချိုသီးစေ့တွင် ပရိုတင်းအမျိုးများစွာ ပါဝင်၍ ဆေးဝါးပိုင်းဆိုင်ရာ ထွေပြားသော အကျိုးသတ္တိများစွာ ပေးနိုင်သည်။ ဤအသီးစေ့၏ အမြှေးပါးတွင် မုန်လာဥနီထက် ဘီတာကယ်ရိုတင်း 10 ဆ ပါဝင်၍ ခရမ်းချဉ်သီးထက် လိုက်ကိုပင်းဓာတ် 12 ဆ ပိုမို ပါဝင်သည်။ အခြား သစ်သီးဝလံများထက် လိုင်ကိုပင်း ပါဝင်မှု ပိုများသည်။ လွပ်လပ်ဓာတ်တိုးဒြပ်ပစ္စည်းကို ဆန့်ကျင်ပေးနိုင်သည့် သတ္တိ ရှိ၍၊ ကင်ဆာကို ဟန့်တားပေးနိုင်မှုသတ္တိရှိ ပစ္စည်းများထဲမှ အကောင်းဆုံးတစ်မျိုး ဖြစ်သည်။

မိချောင်းနွယ်
သုတေသန ပြုချက်အရ ကိုယ်ပိန်လှီကျုံ့သေးရောဂါ၊ ထုံကျင်မှုတို့ကို ကုစားပေးနိုင်သည်။ အကြောကို ပျော့ပျောင်းစေသည်။ ဆီးသွားမရသည့် ရောဂါကို ကုစားပေး၍ ဆီးရွှင်စေသည်။ ဝမ်းကိုက်ရောဂါ၊ အကြောမသန်မစွမ်းမှုတို့ကို ကုစားပေးသည်။ ကိုက်ခဲမှု၊ ကျောနာမှု၊ ခါးနာမှုတို့ကို ကုစားပေးနိုင်သည်။ ခန္ဓာကိုယ်ကို အားဖြည့်ပေးသည်။

ဆီးဖြူသီး
ဆီးဖြူသီးတွင် ချို ချဉ် ပူစပ် ခါး ဖန် ဟူ၍ အရသာ 5 မျိုး ပါဝင်သည်။ ဆီးဖြူသီး 1 လုံးတွင်း၌ မြင့်မားသည့် ဗီတာမင်စီဓာတ် ပါဝင်မှု ရှိသည်။ ကိုယ်တွင်း အပူအောင်းမှု၊ ဝမ်းပျက်မှု၊ နူနာရောဂါတို့ကို ကုစားပေးနိုင်သည်။ သွေးဖိအားကို လျော့ကျစေသည်။ အထူး ရေငတ်ပြေစေသည်။

ဇာတိပ္ဖိုလ်သီး
ဆီးလမ်းကြောင်းနှင့် ဆီးအိမ်ရောင်ရမ်းမှု လက္ခဏာများကို ကုစားပေးနိုင်သည်။ လေထုတ်ဆေးအဖြစ် သုံးနိုင်၍၊ ရှူရှိုက်လေကို သန့်ရှင်းသည့်ရနံ့ ရှိစေသည်။ အစာလမ်းကြောင်းမူမမှန်မှု လက္ခဏာများကို ကုစားပေးနိုင်သည်။

ချဉ်ပေါင်နီ
သွေးကြောတွင်း အဆီဓာတ်ကို ကျဆင်းစေသည်။ ကိုယ်တွင်း အပူများမှုကို ကုစားပေးသည်။ ခုခံအားစနစ်ကို အားကောင်းစေသည်။ နှာစေးအအေးမိမှုမှ ကာကွယ်ပေးသည်။ ချောင်းဆိုးမှုကို သက်သာပျောက်ကင်းစေသည်။ အစာကြေစေသည်။ ဝမ်းနှုတ်ဆေးအဖြစ် သုံးနိုင်သည်။ အူလမ်းကြောင်းကို စိုပြည်စေသည်။ ဆီးကျိတ်ကြီးရောင်ရောဂါမှ ကာကွယ်ပေးသည်။

သစ်ကြံပိုးခေါက်
ပန်းလျမှုကို ကုစားပေး၍ အားပြည့်စေသည်။ လေထုတ်ပေးသည်။ ဓာတ်အား ကောင်းစေသည်။ လေဖြန်းမှုကို ကာကွယ်ပေးသည်။ ဖျားတက်မှုကို ကုစားပေးသည်။ အစာစားလိုစိတ်မရှိခြင်းကို ကုစားပေးသည်။ လေထိုးလေအောင့် အစာမကြေမှုကို ကုစားပေးသည်။ ချောင်းဆိုး၊ အအေးမိဖျားနာကို ကုစားပေးသည်။ အူရောင်မှု ရာသီလာကိုက်ခဲမှုကို ကုစားပေးသည်။ ပန်းလျမှုကို ပြေစေသည်။ အော့အန်ချင်မှုကို ကုစားပေးသည်။

ဖန်ခါးသီး
အရသာ ချဉ် ဖန် ခါးသည်။ အဖျား ပျောက်စေသည်။ သလိပ် ထုတ်ပေးသည်။ သည်းခြေရည် ကောင်းစေသည်။ လေများလေကန်မှုကို ကုစားပေးသည်။ ကိုယ်တွင်းအပူအဆိပ်ကို ပြေစေသည်။ လေထိုးလေအောင့် ပြေစေသည်။ အဖျားဆိပ် ထုတ်ပေးသည်။ ဓာတ်အား ထိန်းချုပ်ပေးသည်။ ချောင်းဆိုးလည်ချောင်းနာကို ပျောက်စေသည်။ သွေးရည်ကြည်ပျက်ကို စွန့်ထုတ်ပေးစေသည်။ သလိပ်အဆိပ်ဖြစ်မှုကို ကုစားပေးသည်။

စမောထေ့စ်ဖန်ခါးသီး
အာနိသင်ပျော့ ဝမ်းနှုတ်ဆေး ဖြစ်သည်။ သလိပ် ထုတ်ပေးသည်။ သလိပ် ပျော်စေသည်။ လေထုတ်ပေးသည်။ ကိုယ်တွင်း လေသွားလာလည်ပတ်မှု ကောင်းစေသည်။

သစ်စိမ့်
ကိုယ်တွင်းဓာတ်ကို အားဖြည့်ပေး၍ အစာစားလိုစိတ် ရှိစေသည်။ သည်းခြေရည် စစ်ထုတ်မှုကို အားပေး၍ အစာခြေမှု ပိုကောင်းစေသည်။ အဖျားကို ကုစားပေးသည်။ သလိပ် ထုတ်ပေးသည်။ ချောင်းဆိုးမှုလက္ခဏာကို ပြေစေသည်။ ဝမ်းနှုတ်ဆေး၊ ဝမ်းပျော့ဆေး ဖြစ်သည်။ အရေပြား အိုင်းဖုနာများကို ပြေပျောက် စေသည်။

မာလ်ဘယ်ရီ ပိုးစာသီးရည်
လွပ်လပ်ဓာတ်တိုးဒြပ်ပစ္စည်းကို ဆန့်ကျင်ပေးနိုင်သည့်သတ္တိ ရှိသည်။ ဆေးအေး ဖြစ်၍ ကိုယ်တွင်းအပူများ ရေငတ်မှုကို ပြေစေသည်။ အသားအရေကို စိုပြည်စေသည်။ ချောင်းဆိုး ပြေစေသည်။ စိတ်ငြိမ်စေသည်။ နှာရည်ယိုဓာတ်မတည့်မှုကို ကုစားပေးနိုင်သည်။ ခပ်ပျော့ပျော့ ဝမ်းနှုတ်ဆေး အာနိသင် ရှိ၍ ဓာတ်မူမှန်မှုများကို ကုစားပေးနိုင်သည်။ အဆစ်ကိုက်နာရောဂါကို ကုစားပေးသည်။ အဖျား လည်ချောင်းနာကို ကုစားပေးသည်။

မောင်းဘယ်ရီသီးရည်
ကျောက်ကပ် အားဖြည့်ပေ၍၊ ဆီးရွှင်စေသည်။ ကိုယ်ပိန်လှီကျုံ့သေးမှုကို ကုစားပေးသည်။ သားအိမ်မူမမှန်မှုနှင့် အဖြူဆင်းမှုကို ကုစားပေးသည်။ ကလေးပါးစပ်အပူနာကို ကုစားပေးသည်။ ခန္ဓာကိုယ်ကိုက်ခဲနာကျင်မှုကို ကုစားပေးသည်။

ပတဲကောရည်
ပူစပ်ခါးသည့် အရသာ ရှိသည်။ ဗိုက်နာ၊ ဗိုက်ရစ်၊ လေပြည့် ရင်ကယ်မှုကို ကုစားပေးသည်။ အားပြည့်စေသည်။ လိင်ဆန္ဒ တိုးစေသည်။ ပန်းသေမှုကို ကုစားပေးသည်။ ဆီးရွှင်စေသည်။ ဆီးသွားရ ခက်ခဲမှုကို ကုစားပေးသည်။ ခံတွင်း လည်ချောင်းရောဂါတို့ကို ကုစားပေးသည်။ သွေးအဆိပ် ဖြစ်မှုကို ကုစားပေးသည်။ အဆိပ်အသီးသီးကို ပြေစေသည်။

ဂျင်းရည်
အော့အန်မှုကို ပြေစေသည်။ အစာစားလိုစိတ် တိုးစေသည်။ လေပြည့်ရင်ကယ်မှုကို ပျောက်စေသည်။ ချောင်းဆိုးမှုကို ကုပေးသည်။ သလိပ် ထုတ်ပေးသည်။ ဓာတ်ကို အားဖြည့်ပေးသည်။

ဆနွင်းရည်
ဖန်သက်သည့် အရသာ ရှိသည်။ ကိုယ်နေမကောင်းထိုင်မသာဖြစ်မှုကို ပြေစေသည်။ အူအနာကို ကျက်စေသည်။ အဖြူဆင်းမှုကို ကုစားပေးသည်။ ဆီးရွှင်စေသည်။ သွေးအောင်းကျန်မှု၊ သွေးလေလည်ပတ်မှု မကောင်းခြင်းကို ကုစားပေးသည်။ ရာသီပုံမှန်မဆင်းမှု လက္ခဏာကို ကုစားပေးသည်။

လေးညှင်းပွင့်ရည်
အစပ်အရသာ ရှိသည်။ စေးကပ်ချွဲသလိပ်ကို ကျဲစေ၍ ချွဲထုတ်ပေးသည်။ သွားဖုံးကြား သွေးယိုမှု၊ သွားကိုက်မှု၊ သွားဖုံးရောင်ပုပ်မှုကို ကုစားပေးသည်။ ခံတွင်းနံ့ သတ်ပေးသည်။ ဗိုက်ပြည့် အစာမကြေမှု အော့အန်မှုကို ပြေစေသည်။ လေထိုးလေအောင့်မှုကို ပြေစေသည်။ လေလည်စေသည်။ ထုံကျင်မှုကို ပြေစေသည်။ သွေးအဆိပ်သင့်မှုကို ကုစားပေးသည်။ မီးဖွားပြီးနောက် ကြွင်းကျန်သားအိမ်ရည်ကို စွန့်ထုတ်စေသည်။ ဓာတ်မညီညွှတ်မှုကို ကုစားပေးသည်။

တောကြက်မောက်သီးရည်
နှလုံး၊ သရက်ရွက်၊ သွေးလေကို အားဖြည့်ပေးသည်။ ခန္ဓာကိုယ် အားပြည့်စေသည်။ စိတ်ငြိမ်စေသည်။ အလုပ်ပြင်းစွာ လုပ်ကိုင်ရမှုမှ ပန်းလျမှုကို ပြေစေသည်။ မေ့လွယ်မှု၊ အိပ်မပျော်မှု၊ စိတ်ဂယောင်ချောက်ချားမှုကို ကုစားပေးသည်။ လူကို လန်းဆန်းစေသည်။

ဥသျှစ်သီးရည်
အရသာ စိုပြည်အေးမြသည်။ ခေါင်းမူး၊ အားဖျော့မှုကို ကုစားပေး၍ လူကို လန်းဆန်းစေသည်။ နှလုံး၊ သရက်ရွက်၊ သွေးလေကို အားဖြည့်ပေးသည်။ ခန္ဓာကိုယ် အားပြည့်စေသည်။ စိတ်ငြိမ်စေသည်။ အလုပ်ပြင်းစွာ လုပ်ကိုင်ရမှုမှ ပန်းလျမှုကို ပြေစေသည်။ မေ့လွယ်မှု၊ အိပ်မပျော်မှု၊ စိတ်ဂယောင်ချောက်ချားမှုကို ကုစားပေးသည်။

ကျိတ်စေ့ရည်
အာဟာတန်ဖိုးမြင့်မားသည်။ အအေးဆေးဖြစ်၍ ဆီးရွှင်စေသည်။ လေပြွန်ရောင်ရမ်းမှု၊ အဆုတ်ရောင်မှုကို ကုစားပေးသည်။























































































